ဒေါ်ဇင်မျိုးသက်

Card Image

တည်ထောင်သူနှင့် တွဲဘက်စီမံခန့်ခွဲရေးအမှုဆောင်

၁၉၈၅ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရားဥပဒေနယ်ပယ်သို့ အထက်တန်းရှေ့နေ အဖြစ်ဝင်ရောက်ခဲ့သည်။

ဒေါ်ဇင်မျိုးသက်သည် ၂၀၀၅ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဘွဲ့လွန်သင်တန်းကို နှစ်နှစ်တက်ရောက်ပြီးနောက်၊ ဥပဒေမဟာဘွဲ့ ရရှိခဲ့သည်၊ ထို့နောက် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်း ဥပဒေတွင် M.Res. အတွက် စာတမ်းကို တင်သွင်းခဲ့သည်။

အောင်ရှင်သန့်ကုမ္ပဏီလီမိတက်တွင် မန်နေဂျင်းပါတနာအဖြစ် ဥပဒေနှင့် စီးပွားရေးဆိုင်ရာ အတိုင်ပင်ခံဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဒေါ်ဇင်မျိုးသက်သသည် ဘဏ်ဥပဒေနှင့် အာမခံဥပဒေ၊ စီမံခန့်ခွဲရေးဥပဒေ၊ ပတ်ဝန်းကျင်ဥပဒေ၊ ကုမ္ပဏီ/အသင်းအဖွဲ့ ဥပဒေ၊ ဥပဒေဆိုင်ရာစည်းနှောင်မှုများ၊ ဒေဝါလီခံဥပဒေနှင့် ကုမ္ပဏီအများအပြားအတွက် အတိုင်ပင်ခံဝန်ဆောင်မှုများကို အထူးပြုပါသည်။

ဒေါ်ဇင်မျိုးသက်သည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အပြည့်ရှိသည်။