နောက်ခံသမိုင်း

Aung Shin Thant

အောင်ရှင်းသန့်ကုမ္ပဏီလီမိတက်သည် ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စဉ်ဆက်မပြတ်တိုးချဲ့လုပ်ကိုင်နေသော ထိပ်တန်းမြန်မာ့ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်သည်။ အောင်ရှင်းသန့်ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော နိုင်ငံစုံကုမ္ပဏီများနှင့် နိုင်ငံတကာတွင် လုပ်ကိုင်နေသော မြန်မာကုမ္ပဏီများအား အတိုင်ပင်ခံဝန်ဆောင်မှုပေးပါသည်။ အောင်ရှင်းသန့် ဥပဒေရေးရာနှင့် စီးပွားရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုလုပ်ငန်းသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံဥပဒေ နှစ်ခုစလုံးတွင် နယ်စပ်ဖြတ်ကျော် လွှဲပြောင်းမှုများတွင် ပူးတွဲဝန်ဆောင်မှုပေးနိုင်ပါသည်။ အောင်ရှင်းသန့် ဥပဒေရေးရာနှင့် အတိုင်ပင်ခံ ဝန်ဆောင်မှုသည် အမှုကိစ္စများအတွက် လက်တွေ့ကျသော ချဉ်းကပ်မှုနှင့် ခေတ်မီသော သဘောတူညီချက်များတွင် ပါဝင်ပတ်သက်သည့် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်သူများ၊ သက်သေပြကျွမ်းကျင်သည့် ရှေ့နေအဖွဲ့ဝင်များဖြင့် စဉ်ဆက်မပြတ် တိုးတက်ဝန်ဆောင်မှုပေး၍ နာမည်ဂုဏ်သတင်းကို ထိန်းသိမ်းထားပါသည်။ ထို့ကြောင့် အောင်ရှင်းသန့် ဥပဒေရေးရာနှင့် စီးပွားရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုလုပ်ငန်းသည် စျေးကွက်များနှင့် ဖောက်သည်များ၏ ကဏ္ဍများကို ခိုင်မာစွာ နားလည်သဘောပေါက်မှုမှတစ်ဆင့် ရရှိထားသော ဖောက်သည်များအတွက် ခိုင်မာပြီး ဂုဏ်သိက္ခာရှိသော အလေ့အထနှင့် ကတိကဝတ်များ ရှိပါသည်။ အမှန်တကယ်ပင် အောင်ရှင်းသန့် ဥပဒေရေးရာနှင့် စီးပွားရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုလုပ်ငန်း၏ ဝန်ဆောင်မှုဖြင့် လုပ်ငန်းရှင်များသည် ၎င်းတို့၏ လိုအပ်ချက်များကို နားလည်ပြီး အဖြေရှာပေးမည့် တက်ကြွသောမိတ်ဖက်တစ်ဦးကို ရှာဖွေနိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာဥပဒေရေးရာအကြံပေး ဝန်ဆောင်မှုတစ်ခုထက်ပိုသော အောင်ရှင်းသန့်ဥပဒေရေးရာနှင့် အတိုင်ပင်ခံဝန်ဆောင်မှုသည် ဖောက်သည်များအတွက် ဗျူဟာမြောက်နှင့် အထူးပြုအပ်သောမိတ်ဖက်ဖြစ်လာခဲ့ပါသည်။ အမှန်စင်စစ်၊ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာကုမ္ပဏီများနှင့် အများနှင့်သက်ဆိုင်သော အဖွဲ့အစည်းများအတွက် ကျွန်ုပ်တို့၏ နေ့စဉ်ဖွံ့ဖြိုးတိုးတက်မှုများဖြင့် ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်သည့် ရေစီးကြောင်းတွင် လိုက်ပါလျှက်ရှိနေပါသည်။ အောင်ရှင်းသန့် ဥပဒေရေးရာနှင့် အတိုင်ပင်ခံ ဝန်ဆောင်မှုအဖွဲ့သည် မြန်မာနိုင်ငံနှင့် ပြည်ပရှိ လုပ်ငန်းရှင်တို့၏ အကျိုးစီးပွားများကို ထိခိုက်စေသည့် ဥပဒေဆိုင်ရာ ပြဿနာများစွာကို အကြံဉာဏ်ပေးစွမ်းနိုင်သော ဝါရင့်တရားလွှတ်တော်ရှေ့နေများဖြင့် စုဖွဲ့တည်ထောင်ထားပါသည်။ အောင်ရှင်းသန့် ဥပဒေရေးရာနှင့် စီးပွားရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုလုပ်ငန်း အဖွဲ့သည် မြန်မာ၊ အင်္ဂလိပ်နှင့် တရုတ်အပါအဝင် ကျွန်ုပ်တို့၏ အလုပ်ရှင်များ၏ အမျိုးမျိုးသောဘာသာစကားများစွာဖြင့် လုပ်ငန်းဝန်ဆောင်မှု ပေးနိုင်စွမ်းရှိပါသည်။

ကျွမ်းကျင်ပညာရှင်များ


ဦးစိုးဝင်း

တည်ထောင်သူနှင့် တွဲဘက်စီမံခန့်ခွဲရေးအမှုဆောင် ၁၉၅၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဥပဒေနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။  BA (Law) နှင့် LL.B ဘွဲ့များရရှိပြီးနောက် အရပ်ဘက်တရားစွဲဆိုမှုပေါင်း တရားမမှု ၁၂၀ ကျော်နှင့် ရာဇဝတ်မှုခင်း ၂၅မှုကို လုပ်သက် ၃၇ နှစ်အတွင်း ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သည်။ ဦးစိုးဝင်းသည် အောင်ရှင်သန့်ကုမ္ပဏီလီမိတက်တွင် မန်နေဂျင်းပါတနာအဖြစ် ဥပဒေနှင့်…

ပိုမိုဖတ်ရှုရန်

ဒေါ်ဇင်မျိုးသက်

တည်ထောင်သူနှင့် တွဲဘက်စီမံခန့်ခွဲရေးအမှုဆောင် ၁၉၈၅ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရားဥပဒေနယ်ပယ်သို့ အထက်တန်းရှေ့နေ အဖြစ်ဝင်ရောက်ခဲ့သည်။ ဒေါ်ဇင်မျိုးသက်သည် ၂၀၀၅ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဘွဲ့လွန်သင်တန်းကို နှစ်နှစ်တက်ရောက်ပြီးနောက်၊ ဥပဒေမဟာဘွဲ့ ရရှိခဲ့သည်၊ ထို့နောက် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်း ဥပဒေတွင် M.Res. အတွက် စာတမ်းကို တင်သွင်းခဲ့သည်။…

ပိုမိုဖတ်ရှုရန်

ဒေါ်မေကြည်ခိုင်

တရားလွှတ်တော်ရှေ့နေ ဒေါ်မေကြည်ခိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဗျူရို (BSI) တွင် ဥပဒေအကြံပေးအဖြစ် ၁၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်ကတည်းက အရပ်ဘက်တရားစွဲဆိုမှုများ၊ ရာဇ၀တ်မှုများအတွက် အလွတ်တန်းရှေ့နေအဖြစ် တရားခွင်များစွာတွင် အမှုလိုက်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ဒေါ်မေကြည်ခိုင်သည် အောင်ရှင်းသန့် ဥပဒေရေးရာနှင့် စီးပွားရေးအတိုင်ပင်ခံ ဝန်ဆောင်မှု လုပ်ငန်းသို့ အထူးရှေ့နေအဖြစ် တွဲဖက်လုပ်ကိုင်ခဲ့သည်။ ဒေါ်မေကြည်ခိုင်သည် အလုပ်သမားဥပဒေ၊ ကုန်သွယ်လုပ်ငန်းနှင့်…

ပိုမိုဖတ်ရှုရန်

ဒေါ်ကေခိုင်ဦး

တရားလွှတ်တော်ရှေ့နေ ဒေါ်ကေခိုင်ဦးသည် အောင်ရှင်းသန့် ဥပဒေရေးရာနှင့် စီးပွားရေးအတိုင်ပင်ခံ ဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၂၀ ခုနှစ်တွင် ဝင်ရောက်ခဲ့ပါသည်။ အလုပ်သမားဥပဒေ၊ ကုန်သွယ်လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာဥပဒေများကို ကျွမ်းကျင်နှံ့စပ်ပါသည်။ မြန်မာဘာသာစကားအပြင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပါသည်။

ပိုမိုဖတ်ရှုရန်

ဦးတင်ဝင်းလှိုင်

Web Developer နှင့် Instructor ဖြစ်သူ ဦးတင်ဝင်းလှိုင်သည် Web Development၊ object-oriented and user-centered design တွင် အတွေ့အကြုံ ၇ နှစ်အထက်ရှိသော web developer နှင့် instructor ဖြစ်သည်။ အောင်ရှင်းသန့် ဥပဒေရေးရာနှင့် စီးပွားရေးအတိုင်ပင်ခံ ဝန်ဆောင်မှုလုပ်ငန်းတွင် IT Consultant အဖြစ် ဝင်ရောက်ခဲ့ပါသည်။ အဓိကဆောင်ရွက်သည့်…

ပိုမိုဖတ်ရှုရန်