ဉာဏပစ္စည်းမူပိုင်ခွင့် အတိုင်ပင်ခံ

Card Image

ကျွန်ုပ်တို့၏ ဉာဏပစ္စည်းမူပိုင်ခွင့်အတိုင်ပင်ခံများသည် သင့်လုပ်ငန်းတွင် ဉာဏပစ္စည်းမူပိုင်ခွင့် အခန်းကဏ္ဍကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးနိုင်ပြီး သင့်လုပ်ငန်းရည်မှန်းချက်များနှင့်ကိုက်ညီသော ဉာဏပစ္စည်းမူပိုင်ခွင့် ဗျူဟာကို ဖော်ဆောင်ရာတွင် ကူညီပေးနိုင်ပါသည်။ အောင်ရှင်းသန့် ဉာဏပစ္စည်းမူပိုင်ခွင့် အတိုင်ပင်ခံဝန်ဆာင်မှုတွင်၊ သင်၏ဉာဏပစ္စည်းမူပိုင်ခွင့်အခွင့်အရေးများကို သင့်နှင့်အတူ ကာကွယ်ရန်၊ ပိုမိုကောင်းမွန်လုံခြုံစွာဖြင့် ဥပဒေ၏ အကာအကွယ်ကို ရယူနိုင်မည့် နည်းလမ်းပေါင်းစုံရှိပါသည်။ အောင်ရှင်းသန့်၏ ဥပဒေအကြံပေးများသည် အထွေထွေစီးပွားရေးဆိုင်ရာ အကြံဉာဏ်ပေးခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ တရားစွဲခြင်း၊ ဆုံးရှုံးနိုင်ခြေနည်းအောင် ကာကွယ်ပေးခြင်း၊ မူပိုင်ခွင့်နှင့် အမှတ်တံဆိပ်ဆိုင်ရာ တရားစွဲဆိုခြင်းစသည့် လုပ်ငန်းများစွာတွင် လုပ်ငန်းရှင်များနှင့်အတူ လက်တွဲဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံတဝှမ်းတွင် အကြီးဆုံးဉာဏမူပိုင်ခွင့် ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း ဝန်ဆောင်မှု လုပ်ငန်းများထဲမှ တခုဖြစ်သော ဥပဒေအကြံပေးကုမ္ပဏီအနေဖြင့် ကျွန်ုပ်တို့သည် ကျယ်ပြန့်ကောင်းမွန်သော အတွေ့အကြုံများရှိသည်။ ကျွန်ုပ်တို့က သင်၏ရှေ့နေအဖြစ်မျှသာမဟုတ်ဘဲ သင်၏ အကောင်းဆုံးအတိုင်ပင်ခံ လုပ်ငန်းလက်တွဲဖော်ဖြစ်ပါသည်။

အောက်ပါဝန်ဆောင်မှုများကို ကျွန်ုပ်တို့ထံမှ ရယူနိုင်ပါသည် _

  • မူပိုင်ခွင့်
  • ကုန်အမှတ်တံဆိပ်
  • တီထွင်ဖန်တီးမှု မူပိုင်ခွင့်
  • ဖျော်ဖြေရေး
  • အင်တာနက်
  • ကုန်အမှတ်တံဆိပ် သက်တမ်းတိုးခြင်းနှင့် အီးဖိုင်တင်ခြင်း။
  • ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း။