ဒေါ်မေကြည်ခိုင်

Card Image

တရားလွှတ်တော်ရှေ့နေ

ဒေါ်မေကြည်ခိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဗျူရို (BSI) တွင် ဥပဒေအကြံပေးအဖြစ် ၁၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်ကတည်းက အရပ်ဘက်တရားစွဲဆိုမှုများ၊ ရာဇ၀တ်မှုများအတွက် အလွတ်တန်းရှေ့နေအဖြစ် တရားခွင်များစွာတွင် အမှုလိုက်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ဒေါ်မေကြည်ခိုင်သည် အောင်ရှင်းသန့် ဥပဒေရေးရာနှင့် စီးပွားရေးအတိုင်ပင်ခံ ဝန်ဆောင်မှု လုပ်ငန်းသို့ အထူးရှေ့နေအဖြစ် တွဲဖက်လုပ်ကိုင်ခဲ့သည်။

ဒေါ်မေကြည်ခိုင်သည် အလုပ်သမားဥပဒေ၊ ကုန်သွယ်လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာဥပဒေများကို ကျွမ်းကျင်နှံ့စပ်ပြီး၊ တရားမ အယူခံ/ပြင်ဆင်မှုများ၊ အထူးအယူခံမှုများ၊ စာချွန်တော် အမှုများကို ရင့်ကျက်ကြွယ်ဝသော အတွေ့အကြုံဖြင့် စီမံလိုက်ပါဆောင်ရွက် ပါသည်။ မြန်မာဘာသာစကားအပြင် အင်္ဂလိပ်ဘာသာစကားကို အထူးကျွမ်းကျင်ပိုင်နိုင်ပါသည်။